စွမ်းဆောင်ရည်မြင့် အမိုက်စား ‘GAMING LAPTOP’ များ

Gaming Laptop တွေက Gaming Desktop တွေနဲ့တန်းတူ powerful performance တွေ ပေးနိုင်တဲ့အပြင် ပိုပြီးဈေးသက်သာတာ၊ သယ်ဆောင်ရလွယ်ကူတာ စတဲ့အချက်တွေကြောင့် အခုနောက်ပိုင်းမှာ Laptop တွေက ပိုပြီးနေရာရလာပါတယ်။ ဒါကြောင့် 2020 ရဲ့အကောင်းဆုံး Gaming Laptop တွေထဲကမှ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ Gaming Laptop (၅) လုံး အကြောင်းကို ရွေးချယ်ပြောပြချင်ပါတယ်။

1. Asus ROG Zephyrus G14

AMD Ryzen 4000 processors နဲ့ Nvidia RTX 2060 Graphic Card ကိုအသုံးပြုထားပါတယ်။ laptop တစ်လုံးလုံး မှ ၃.၅ပေါင်ပဲလေးတယ်ဆိုတော့ တကယ့်ကို ပါးပါးလေးနဲ့ သယ်ရလွယ်ကူစေပါတယ်။ နောက်တစ်ခုက best battery life in gaming laptop လို့ပြောထားပြီး ရုပ်ရှင်ပဲကြည့်မယ်ဆိုရင် (၁၀) နာရီနီးပါးကြည့်လို့ရနိုင်မှာပါ။ အားနည်းချက်အနေနဲ့ကတော့ Web Cam နဲ့ DvD drive မပါတာလောက်ပဲပြောစရာရှိပါတယ်။ ဒါပေမယ့် အဲ့တာတွေကလည်း External plug in တွေ အလွယ်တကူဝယ်လို့ရနေပြီဆိုတော့ သိပ်ပြဿနာမရှိပါဘူး။

2. MSI GS65 Stealth

အကောင်းဆုံး PC game တွေကိုဆော့ဖို့ သင့်အိပ်မက်ထဲက Laptop တစ်လုံးဆိုရင် မမှားပါဘူး။ အထူ 0.69 လက်မပဲရှိပြီး internal ပိုင်းမှာလည်း Intel Coffee Lake processors နဲ့ Nvidia GeForce GTX 10-series-refreshed အပြင် RTX 20-series graphic ကိုထည့်သွင်းထားပါတယ်။ လှပသိမ်မွေ့တဲ့ design နဲ့ performance အကောင်း စားတွေပေးမယ့် gaming laptop တစ်လုံးဖြစ်တဲ့အပြင် ပေါ့ပေါ့ပါးပါးရှိလို့ သွားလေရာ အလွယ်တကူသယ်သွားနိုင်ပါတယ်။ ဒီအချက်တွေကြောင့် အကောင်းဆုံး gaming laptop တစ်လုံးအဖြစ် လူငယ်တွေကြားမှာရေပန်းစားလာတာပါ။ အားနည်းချက်ကတော့ အနည်းငယ် heat တက်တာလောက်ပဲရှိပါလိမ့်မယ်။ 

3. Gigabyte Aorus 17X

ဒီ Gaming Laptop မှာတော့ 10th-gen intel core processors နဲ့ Nvidia’s most powerful GPUs ကို  အသုံးပြုထားတာတွေ့ရပါတယ်။ display ပိုင်း သေသပ်ကောင်းမွန်တဲ့အပြင် mechanical keyboard ဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းရော designပိုင်းပါတကယ်မိုက်တဲ့ Laptop တစ်လုံးပါ။ အားနည်းချက်အနေနဲ့ RTX 2080 model မှာ power adapter လိုအပ်တာမျိုး နဲ့ Laptop အလေးချိန် နည်းနည်းလေးတာပဲ ပြောစရာရှိပါတယ်။

4. ALIENWARE M15 R3 (2020)

Dell ရဲ့ Alienware ကတော့ဈေးကွက်ကို သူ့နည်းသူ့ဟန်နဲ့ ထိုးဖောက်လာတယ်လို့ထင်ပါတယ်။ သင့်တင့်တဲ့ဈေးနှုန်းနဲ့ရမယ့် Gaming Laptop ကောင်းတစ်လုံးပါ။ build quality ကောင်းမွန်ပြီး display က fast refresh rates မှာ ရှိပါတယ်။ Design ကတော့ နှစ်အတော်ကြာ ကျွန်တော်တို့ သဘောကျခဲ့ကြတဲ့ပုံစံအတိုင်းမပြောင်းလဲပါဘူး။ သူ့ရဲ့ 4K OLED Panel က gaming အတွက်သိပ်ပီး optimal မဖြစ်တာရယ်၊ Nvidia ရဲ့ Max-Q GPU က အနည်းငယ် limited ဖြစ်တာတွေကတော့ သူ့ရဲ့အားနည်းချက်တွေပါ။

5. Acer Aspire 7 A715

Display 15.6-inch, 1080P full HD resolution နဲ့ HD Webcamတစ်လုံးပါပါတယ်။ Core i5 processor ဖြစ်ပြီး 16GB RAM နဲ့ 512GB of SSD ပါ၀င်ပါတယ်။ Screen ကတော့ တော်တော်ထူးခြားတဲ့ Ratio လို့ပြောရမယ့် (1300:1) ဖြစ်ပါတယ်။ Web browsing အတွက် 9 နာရီ လောက်အသုံးခံပြီးတော့ Video တွေပဲကြည့်မယ်ဆိုရင် 8 နာရီကျော်လောက်ကြည့်လို့ရပါတယ်။ Keyboard ခလုတ်တစ်ခုစီရဲ့အောက်မှာ မီးရောင်တွေပါတဲ့ Backlit keyboard အမျိုးအစားဖြစ်လို့ စာရိုက်ရတဲ့အရသာ နဲ့ ခလုတ်တွေရဲ့ လှုပ်ရှားမှုက တော်တော်လေးစိတ်ကျေနပ်စေမှာပါ။ Mouse Trackpad ထဲမှာလည်း Fingerprint sensor ပါ၀င်ပါသေးတယ်။ ပြောစရာဆိုလို့ ထောင့်အကွေးတွေနဲ့ဘောင်တွေ နည်းနည်းထူတာလောက်ပဲရှိပြီး Game ဆော့ဖို့တကယ်မိုက်တဲ့ Laptop တစ်လုံးဖြစ်ပါတယ်။

ဒီလို အမိုက်စား SUPER GAMING LAPTOPS တွေကို အတန်ဆုံး KBZPay Shopper Loan လစဉ်ငွေပေးချေမှုအစီအစဉ်နဲ့ SUNNY eSTORE မှာ မှာယူနိုင်ပါပြီ။

Find Laptops with best performance for your gaming needs here.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: