သယ်ဆောင်ရလွယ်ကူပြီး နေ့စဉ်ဘဝမှာအသုံးဝင်တဲ့ Gadget (၅)မျိုး

၂၀ရာစုနောက်ပိုင်းမှာ Electronic ပစ္စည်းတွေကို သေးသထက်သေးပြီး သယ်ဆောင်ရလွယ်တဲ့ပုံစံတွေအဖြစ်နဲ့ ပြောင်းလဲထုတ်လုပ်လာကြပါပြီ။ Tech gadgets တွေအများကြီးရှိတဲ့ထဲကမှ လောလောဆယ် smartphone တစ်မျိုးပဲအသုံးပြုဖြစ်နေတယ်ဆိုရင် သင့်ရဲ့နေ့စဉ်ဘဝကို ပိုပြီးသက်တောင့်သက်သာဖြစ်စေမယ့် Portable Gadgets (၅) မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(1)  Samsung Galaxy UV Sterilizer

နေ့စဉ်သုံးနေတဲ့ နာရီ၊ ဖုန်း၊ နားကြပ်၊ မျက်မှန် စတဲ့ အသုံးအဆောင်ပစ္စည်းတွေမှာ ရောဂါပိုးမွှားတွေ ကပ်ကျန်မနေအောင် ပိုးသတ်ဖို့က အရေးကြီးပါတယ်။ အထူးသဖြင့်အခုလို Covid ကာလမှာ သယ်ဆောင်ရလွယ်ကူပြီး အချိန်တိုအတွင်း bacteria တွေကို ၉၉.၉၉% သတ်ပေးနိုင်တဲ့ sterilizer တစ်လုံးကတော့ အလိုအပ်ဆုံး gadget တစ်ခုပါပဲ။ Samsung Galaxy UV Sterilizer က ၈လက်မအရွယ်ရှိတဲ့ပစ္စည်းတွေအထိ ပိုးသတ်လို့ရပြီး rechargeable, portable ဖြစ်လို့ ပေါ့ပေါ့ပါးပါးသယ်သွားလို့ရမှာပါ။

Buy this product with the best deals here.

(2) Fujifilm Instax Portable Smartphone Printer

ဘယ်သွားသွားသယ်သွားလို့ရပြီး ဖုန်းထဲကဓာတ်ပုံတွေကို အချိန်မရွေး print ထုတ်ပြီးသိမ်းလို့ရမယ့် Instax mini link printer ပါ။ ဖုန်းထဲမှာ app ထည့်ထားပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ effect၊ frame နဲ့ collage လုပ်ပြီး design ဆန်းဆန်းပုံလေးတွေ ထုတ်လို့ရမှာ ဖြစ်ပါတယ်။ ချက်ချင်းဓာတ်ပုံရိုက်၊ ချက်ချင်း edit ပြီး print လိုက်ရုံပါပဲ။ portable printer လေးတစ်လုံးရှိရင် ဓာတ်ပုံလေးတွေကို အမှတ်တရလက်ဆောင်အနေနဲ့လည်း ချစ်ရတဲ့သူတွေကိုပေးလို့သလို ကိုယ့်ပုံလေးတွေကိုထုတ်ပြီး အခန်းထဲမှာ အလှဆင်လို့လည်းရတာပေါ့။

(3) Anker PowerCore+mini3350mAh

အခုလိုနည်းပညာခေတ်မှာ အားသွင်းပြီးသုံးရမယ့် နည်းပညာပစ္စည်းတွေအရင်ထက်ပိုပြီး အသုံးများလာကြလို့ power bank က နေ့စဉ်ဘဝအတွက် မရှိမဖြစ် gadget တစ်ခုပါပဲ။ Anker ရဲ့နည်းပညာက ပုံမှန် charger တွေထက် ၄ဆပိုမြန်ပြီး MFI certified ဖြစ်လို့ Apple User တွေလည်း စိတ်ချလက်ချသုံးလို့ရပါတယ်။ နှုတ်ခမ်းနီတစ်တောင့်ရဲ့ size ပဲရှိတဲ့အတွက် တခြား powerbank တွေထက် သယ်ရတာပေါ့ပါးနေမှာပါ။ အရေးပေါ် ဖုန်းအားသွင်းဖို့တင်မကပဲ နားကြပ်၊ နာရီအားသွင်းတာတွေအတွက်ပါ Superior safety ဖြစ်တဲ့ Power bank တစ်လုံးရှိနေရင် မီးပဲပျက်ပျက်၊ သွားရင်းလာရင်းနဲ့ပဲ အားကုန်ကုန် စိတ်ပူဖို့မလိုတော့ပါဘူး။

Buy this product with the best deals here.

(4) Amir clip-on smartphone camera lenses

ဖုန်းနဲ့ဓာတ်ပုံရိုက်ရတာဝါသနာပါပေမယ့် ဖုန်းမှာပါတဲ့ built-in camera ရဲ့ လုပ်ဆောင်နိုင်စွမ်းကို သိပ်အားမရဘူးဖြစ်နေတယ်ဆိုရင် ဒီ gadget လေးက သင့်အတွက်ဖြစ်မှာပါ။ Amir clip-on bundle တစ်စုံမှာ ၁၈၀ ဒီဂရီထိရတဲ့ fisheye lens, 0.4x super wide-angle lens နဲ့ close-up ပြတ်ပြတ်သားသားရိုက်ဖို့ 10x macro zoom lens တွေပါဝင်ပါတယ်။ ရေနဲ့ဖုန်မှုန့်တွေကိုခံနိုင်ရည်ရှိတဲ့အပြင် Android ရော iPhone နဲ့ပါ တွဲဖက်အသုံးပြုလို့ရမှာပါ။ ဒါ့အပြင် Amazon မှာ ဒီ Amir-clip on lens ကို 14$ လို့ကြော်ငြာထားတဲ့အတွက် ဈေးသင့်တဲ့ gadgets တစ်ခုပါပဲ။

(5) Amazon Kindle Paperwhite

စာအုပ်အထူကြီးတွေကိုင်ဖတ်နေစရာမလိုပဲ စာအုပ်ဖတ်နေရသလိုခံစားချက်မျိုးရစေမယ့် E-ink reader တစ်ခုဖြစ်ပါတယ်။ Screensize 6 လက်မဖြစ်ပြီး အလင်းမပြန်တဲ့ glare free screen, water-proof ပါ။ Battery life က တစ်ခါအားသွင်းထားရင် တစ်ပတ်လောက်ခံပြီး နာရီပေါင်းများစွာဆက်တိုက်ဖတ်လို့ရပါတယ်။ အလုပ်သွားရင်းကားပိတ်နေတဲ့အချိန်မျိုးမှာ ထုတ်ဖတ်ရတာအဆင်ပြေသလို အိပ်ယာထဲမှာ မှောင်နေတဲ့အချိန်ဖတ်ရင်လည်း phone နဲ့ tablet ရဲ့ LED screen တွေလို မျက်လုံးကိုမထိခိုက်နိုင်ပါဘူး။ Amazon account ကနေ စာအုပ်တွေဝယ်ဖတ်လို့ရသလို USB ကြိုးထိုးပြီး download လုပ်ပြီးသားစာအုပ်တွေကို ထည့်ဖတ်ရင်လည်း ရပါတယ်။  

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: