၂၀၂၀တစ်နှစ်လုံးမှာ ရေပန်းစားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နည်းပညာရေစီးကြောင်း(၅)မျိုး

လွန်ခဲ့တဲ့၅နှစ်အတွင်းမှာ အလွယ်တကူဝယ်ယူလို့ရတဲ့ ဆင်းမ်ကတ်တွေနဲ့ တန်ဖိုးသင့်ဖုန်းတွေ ပေါများလာတာကြောင့် မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းသုံးစွဲမှုဟာ ၁၃% ကနေ ၁၂၄% ထိမြင့်တက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့သူတွေအနေနဲ့လည်း ဒစ်ဂျစ်တယ်ခေတ်ကိုမျက်ခြေမပြတ်လိုက်နိုင်လာပြီး နိုင်ငံတကာမှာသုံးစွဲနေတဲ့ network services တစ်ချို့ကိုလည်း လက်လှမ်းမှီလာကြပါပြီ။ အခုဆိုရင် မြန်နှုန်းမြင့် 4G network နဲ့ ကျေးလက်ဒေသတွေမှာပါ ဆက်သွယ်ရေးတာဝါတိုင်တွေရှိလာတဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တွက်ကြည့်ရင် အင်တာနက်ရရှိလာတဲ့ဒေသတွေများလာတာကို တွေ့ရပါတယ်။ ၂၀၂၀ တစ်နှစ်လုံးမှာ ခေတ်စားသွားခဲ့တဲ့ နည်းပညာ trend တွေကတော့

Digital marketing

မြန်မာနိုင်ငံမှာ Social media အသုံးပြုသူအရေအတွက်ဟာ ၂၂သန်းရှိနေပြီဆိုတော့ လူဦးရေရဲ့တစ်ဝက်နီးပါး ရှိနေပါပြီ။ ဒါ့အပြင် ကိုဗစ်ဟာ မြန်မာနိုင်ငံကို Digital Marketing ခေတ်ကို ပိုပြီးမြန်မြန်ဆန်ဆန်ရောက်အောင် တွန်းပို့လိုက်သလိုပါပဲ။ Social media Advertising agency တွေအားလုံးရဲ့ ပစ်မှတ်က billboard တွေ၊ TV commercial တွေအစား social media ကိုပိုဦးစားပေးလာကြပါပြီ။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း မြန်မာနိုင်ငံမှာအသုံးအများဆုံး Facebook platform ကနေတစ်ဆင့် ကြော်ငြာလာပြီး Customer service ကောင်းကောင်းပေးနိုင်ဖို့ Chatbot စနစ်ကို တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။ Facebook ad နဲ့ Chatbot interaction တွေသုံးစွဲမှု သိသိသာသာ မြင့်တက်လာတဲ့ နှစ်တစ်နှစ်လို့ပြောရမှာပါ။

 

Gaming Industry

Social media ပြီးရင် ဒုတိယအကြီးဆုံးနေရာယူထားတာကတော့ Gaming industry ပါပဲ။ ၂၀၂၀ က gamers တွေအတွက် ပျော်စရာကောင်းတဲ့နှစ်လည်းဖြစ်ပါလိမ့်မယ်။ Apple က သူ့ရဲ့ subscriber တွေအတွက် offline ကစားလို့ရတဲ့ Arcade Games တွေကိုစပြီးမိတ်ဆက်လိုက်သလို Google Stadia ရဲ့ Gaming industry ကလည်း ပြန်လည်ဆန်းသစ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ထဲက e-Sports တွေစခေတ်စားလာခဲ့ပြီး Gamer တွေဟာလည်း Professional တစ်ခုအနေနဲ့ ရပ်တည်လာကြပါပြီ။ Myanmar eSports community ကိုရေရှည်တည်တံ့အောင် အဓိကထောက်ပံ့ပေးနေတာကတော့ Telenor Myanmar ပါ။ ဒါ့အပြင် Stay home ကာလအတွင်း ကမ္ဘာ့နေရာအနှံ့အပြားမှာနေထိုင်တဲ့တခြားလူတွေနဲ့ ချိတ်ဆက်ပြီးဆော့လို့ရတဲ့ Genshin Impact, PUBG, Mobile Legend တို့လို online game တွေကိုဆော့တဲ့လူငယ်တွေလည်း ဒီနှစ်မှာအတော်မြင့်တက်လာပါတယ်။

 

e-commerce

၂၀၂၀ တစ်နှစ်လုံးနီးပါးက အိမ်ထဲမှာနေရတဲ့ကာလတွေများတဲ့အတွက် လူသုံးကုန်၊ အိမ်သုံးကုန်တွေသာမက အသားငါးဝယ်တာတွေထိ Online shopping platform တွေ ကို သုံးလာကြပါတယ်။ rgo47, shop.com, Zaychin စတဲ့ online shop တွေကနေဈေးဝယ်တဲ့အလေ့အထခေတ်စားလာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေရော စွန့်ဦးတီထွင်လုပ်ငန်းတွေအနေနဲ့ပါ e-commerce trend ဘက်ကို တဖြေးဖြေးကူးပြောင်းလာတဲ့နှုန်းကတော့ ဒီနှစ်အတောအတွင်းမှာ အသိသာဆုံးလို့ပြောရမှာပါ။

 

e-SIM and IoT

ဖုန်းထဲကို physical sim card ထည့်စရာမလိုပဲ ချက်ချင်း activate လုပ်လို့ရမယ့် embedded SIM (e-SIM) technology ကို ၂၀၂၀မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ e-SIM က မိုဘိုင်းဖုန်းတွေရဲ့အနာဂတ်မှာအသုံးပြုလာမယ့်နည်းပညာတင်မဟုတ်ပဲနဲ့ IoT(Internet of Things) ဆိုတဲ့ အရာဝတ္ထုတွေအားလုံးကို အင်တာနက်နဲ့ချိတ်ဆက်တဲ့နေရာမှာအသုံးပြုဖို့လည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်လာပါတယ်။ လောလောဆယ်မှာတော့ Mytel operator တစ်ခုထဲမှာပဲ e-SIM ကိုအသုံးပြုလို့ရနိုင်ဦးမှာဖြစ်ပြီး နောက်နှစ်ဆန်းပိုင်းလောက်မှာတော့ တခြား operator တွေရဲ့ e-SIM တွေပါ မြန်မာ telecommunication market ထဲကို ရောက်ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။

 

Streaming Services

Streaming service တွေက ၂၀၂၀မှာ သုံးစွဲသူတွေကြားထဲကို တွင်တွင်ကျယ်ကျယ် ထိုးဖောက်လာနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းသုံးစွဲသူတစ်ဝက်ခန့်က Streaming ကြည့်ရှုဖို့အတွက် ပိုက်ဆံအကုန်အကျခံပြီး data traffic အများဆုံးသုံးစွဲသူတွေပါ။ Netflix, HBO, AppleTV+ စတဲ့ Global platform တွေကိုဝယ်ယူကြည့်ရှုသူတွေရှိလာပြီး Local streaming service မှာ ထိပ်ဆုံးကနေနေရာယူထားတဲ့ VIU, iFlix, Joox, Cookies TV စတာတွေကလည်း လက်ရှိမိုဘိုင်းအော်ပရေတာတွေနဲ့ပူးပေါင်းပြီး ဒီနှစ်ပိုင်းမှာ အတော်လေးနေရာရလာပါပြီ။ တခြား streaming service တွေလည်း ဈေးကွက်ထဲကို အလုအယက်တိုးဝင်လာနေတုန်းပါပဲ။

နည်းပညာရေစီးကြောင်းတွေကတော့ လူတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဈေးကွက်ရဲ့ demand ပေါ်မူတည်ပြီး နောက်လာမယ့်နှစ်တွေမှာလည်း လိုက်ပြောင်းလဲနေဦးမှာပါ။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေလည်း အရင်ထက်စာရင် ပိုများလာတာကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒစ်ဂျစ်တယ်ရေစီးကြောင်းထဲကို ဒီထက်ပိုလိုက်ပါနိုင်ပြီး လူနေမှုအဆင့်အတန်းတွေပြောင်းလဲလာနိုင်မယ်လို့တော့ မျှော်လင့်ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: