Must-have Electronic Accessories for Maximum Productivity | အလုပ်စားပွဲပေါ်မှာ ရှိထားသင့်တဲ့ ခေတ်မီ Accessories ၅မျိုး

အလုပ်တွင်တွင်ကျယ်ကျယ်ပြီးအောင် လုပ်ရမယ့်အချိန်မှာ ဟိုပစ္စည်းထယူရ၊ ဒီပစ္စည်းထယူရနဲ့ နှောင့်နှေးနေတာမျိုးတွေရှိလား? ထိုင်ရာကနေထစရာမလိုပဲ အလုပ်ကိုအာရုံစိုက်နိုင်အောင် ထောက်ပံ့ပေးမယ့် Electronic Accessories တွေနဲ့မိတ်ဆက်ပေးပါရစေ။ (1). Digital Display 4USB Charger  လုပ်ငန်းသုံးဖုန်း ၊ အိမ်သုံးဖုန်း နဲ့Tablet တွေကို တစ်ချိန်ထဲမှာ အားသွင်းထားလိုက်ရင် အလုပ်အတွက်လိုအပ်တဲ့အခါ အဆင်သင့်သုံးရုံပါပဲ။ Devices (၄) ခုကို တစ်ချိန်ထဲမှာ မြန်မြန်ဆန်ဆန်အားသွင်းနိုင်တဲ့ USB Charger ရှိထားရင် ပလပ်ပေါက်မလောက်တဲ့ပြဿနာ မကြုံရတော့ဘူးပေါ့။ ထမပေါက်အောင် ကာကွယ်ပေးနိုင်တဲ့ Explosion-proof charger ဖြစ်ပြီး Digital display ပါဝင်တာမျိုးကတော့ အကောင်းဆုံးပါပဲ၊ Buy Baseus Digital Charger with best deals here. (2). 4 inContinue reading “Must-have Electronic Accessories for Maximum Productivity | အလုပ်စားပွဲပေါ်မှာ ရှိထားသင့်တဲ့ ခေတ်မီ Accessories ၅မျိုး”

2020 မကုန်ခင်ထွက်မယ့် စိတ်လှုပ်ရှားစရာ နည်းပညာပစ္စည်းအသစ်တွေက ဘာတွေဖြစ်နိုင်မလဲ?

အခုဆိုရင် 2021 ကိုရောက်ဖို့ကလည်း လပိုင်းပဲလိုပါတော့တယ်။ ဒါပေမယ့် 2020 မှာထွက်ခဲ့တဲ့နည်းပညာပစ္စည်းတွေကတော့ အကုန်မဟုတ်သေးပါဘူး။ နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ဆက်ပြီးရင်ခုန်ရမယ့်၊ နောက်ထပ်ထွက်လာမယ့် အမိုက်စား နည်းပညာပစ္စည်း (5) မျိုး ကျန်နေပါသေးတယ်။ (1). Xiaomi Mi Smart Speaker Xiaomi ကအသစ်ထွက်လာမယ့် ဒီ Smart Speaker က Europe မှာတော့ မိတ်ဆက်ပြီးသား ဖြစ်ပါတယ်။ Google Assistance နဲ့ 12W power ပါဝင်မယ်လို့လည်းသိရပါတယ်။ ရိုးရိုးရှင်းရှင်း Design နဲ့ Speaker မှာ အသံထွက်တဲ့ ဘဲဥပုံစံအပေါက်ငယ်လေးတွေ စုစုပေါင်း 10531ပေါက်ပါဝင်ပြီး Stereo 2.0 audio output နဲ့ဆိုတော့ သုံးလို့အတော်အဆင်ပြေမယ့်ပုံပါပဲ။ Google Assistance ပါတဲ့Continue reading “2020 မကုန်ခင်ထွက်မယ့် စိတ်လှုပ်ရှားစရာ နည်းပညာပစ္စည်းအသစ်တွေက ဘာတွေဖြစ်နိုင်မလဲ?”

Top 5 Best value-for-money Smart Phones you can choose under 2Lakh MMK

ဈေနှုန်းအသင့်အတင့်နဲ့ ကောင်းကောင်းမွန်မွန် သုံးချင်တယ်ဆိုရင် ဘယ်လိုဖုန်းမျိုးကို ရွေးချယ်သင့်လဲ?  Facebook သုံးဖို့၊ Game ဆော့ဖို့အတွက်အဆင်ပြေပြီး ဓာတ်ပုံရုပ်ထွက်လည်းအတော်အသင့်ကောင်းတဲ့ ဘတ်ဂျက်ဖုန်းတွေကို အခုနောက်ပိုင်း ဈေးကွက်ထဲမှာလူကြိုက်များလာကြပါတယ်။ အဲ့တာကြောင့်  ဖုန်းဝယ်ဖို့စဉ်းစားနေသူတွေအတွက် (2) သိန်းအောက် ရရှိနိုင်မယ့် Mid-range Phone (5) လုံး အကြောင်းကိုပြောပြချင်ပါတယ်။ (1). Samsung A11 (6.4-inch screen )   ၂သိန်းမကျော်ပေမယ့် Snapdragon 450 Processor ကိုအသုံးပြုပေးထားပြီး screen size  6 လက်မ ကျော်အောင်ထုတ်လုပ်ထားတာကတော့ တကယ်မိုက်ပါတယ်။ ဒီဈေးနှုန်းနဲ့ Punch-hole selfie camera အပြင် Back Camera (3) လုံးမှာလဲ ultra wide camera ပါထည့်သွင်းပေးထားပါတယ်။ USB Type-CContinue reading “Top 5 Best value-for-money Smart Phones you can choose under 2Lakh MMK”

စွမ်းဆောင်ရည်မြင့် အမိုက်စား ‘GAMING LAPTOP’ များ

Gaming Laptop တွေက Gaming Desktop တွေနဲ့တန်းတူ powerful performance တွေ ပေးနိုင်တဲ့အပြင် ပိုပြီးဈေးသက်သာတာ၊ သယ်ဆောင်ရလွယ်ကူတာ စတဲ့အချက်တွေကြောင့် အခုနောက်ပိုင်းမှာ Laptop တွေက ပိုပြီးနေရာရလာပါတယ်။ ဒါကြောင့် 2020 ရဲ့အကောင်းဆုံး Gaming Laptop တွေထဲကမှ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ Gaming Laptop (၅) လုံး အကြောင်းကို ရွေးချယ်ပြောပြချင်ပါတယ်။ 1. Asus ROG Zephyrus G14 AMD Ryzen 4000 processors နဲ့ Nvidia RTX 2060 Graphic Card ကိုအသုံးပြုထားပါတယ်။ laptop တစ်လုံးလုံး မှ ၃.၅ပေါင်ပဲလေးတယ်ဆိုတော့ တကယ့်ကို ပါးပါးလေးနဲ့ သယ်ရလွယ်ကူစေပါတယ်။ နောက်တစ်ခုကContinue reading “စွမ်းဆောင်ရည်မြင့် အမိုက်စား ‘GAMING LAPTOP’ များ”

ဈေးနှုန်းအသင့်အတင့်နဲ့ လုပ်ငန်းသုံး Laptop တစ်လုံး၀ယ်ဖို့အတွက် ရွေးရခက်နေပြီလား?

ဈေးနှုန်းအသင့်အတင့်နဲ့ လုပ်ငန်းသုံး Laptop တစ်လုံး၀ယ်ဖို့အတွက် ရွေးရခက်နေပြီလား?  အခုနောက်ပိုင်းအလုပ်တွေမှာ ဘယ်အလုပ်မဆို Laptop တစ်လုံးတော့မရှိမဖြစ်လိုအပ်လာကြပါတယ်။ အလုပ်ကိစ္စအတွက် Laptop ၀ယ်ဖို့စဥ်းစားနေတယ်ဆိုရင်တော့ ဈေးနှုန်းအသင့်အတင့်နဲ့ သုံးလို့ အဆင်ပြေမယ့် Laptop မျိုးဖြစ်ဖို့ လိုပါလိမ့်မယ်။ ဘာဝယ်ရမလဲဆိုတာ ရွေးရခက်နေရင်တော့ ဈေးနှုန်း  “ (10) သိန်းအောက်” မှာရှိတဲ့ အကောင်းဆုံး လုပ်ငန်းသုံး Laptop (5) လုံး အကြောင်းကို ဖတ်ကြည့်လိုက်ပါဦး။  1. Acer Swift 3   မျက်နှာပြင် 14-inch screen ရှိပြီး ထူးကဲတဲ့hardware တစ်ချို့နဲ့ဖွဲ့စည်းပုံကြောင့် Business Laptop ကောင်းတစ်လုံးဖြစ်ပါတယ်။ core i5, 8GB RAM အပြင် 512GB of SSD တို့ပါဝင်ပါတယ်။ တစ်ချိန်ထဲမှာContinue reading “ဈေးနှုန်းအသင့်အတင့်နဲ့ လုပ်ငန်းသုံး Laptop တစ်လုံး၀ယ်ဖို့အတွက် ရွေးရခက်နေပြီလား?”

သီတင်းကျွတ်မှာ လူကြီးမိဘတွေကိုကန်တော့ဖို့ အကောင်းဆုံးနည်းပညာပစ္စည်းများ…

အရင်နှစ်တွေနဲ့မတူပဲ ဒီတစ်ခေါက်သီတင်းကျွတ်မှာ လူကြီးမိဘတွေကို ဘယ်လိုပစ္စည်း အသစ် အဆန်းလေးတွေနဲ့ ကန်တော့ရမလဲ? မုန့်ပုံးတွေ၊ Ovaltine ပုလင်းတွေကနှစ်တိုင်းလိုလိုကန်တော့နေကျဆိုတော့ ဒီနှစ်မှာ အပြောင်းအလဲလေး ဖြစ်သွားအောင် လူကြီးမိဘတွေအတွက်လည်း တကယ်အသုံး၀င်မယ့် နည်းပညာပစ္စည်းတွေကို ကန်တော့လိုက်ကြရအောင်။ 1. Lock & Lock Eco Fryer Eco Fryer ကတော့ ကျန်းမာရေးအတွက်သင့်တော်ပြီး အလွယ်တကူအသုံးပြုနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ ဆီမပါပဲ ချက်ပြုတ်တဲ့ စနစ်ဖြစ်ပြီး ဟင်းချက်တာအပြင် အသားငါး နဲ့ အသီးအရွက်တွေ ပြုတ်တာ၊ ပေါင်မုန့်ကင်တာ၊ အေးခဲနေတဲ့အသားငါးတွေကို အပူပေးတာစတဲ့ function တွေကိုလည်း ရှုပ်ရှုပ်ထွေးထွေးလုပ်စရာမလိုပဲ ခလုတ်နှိပ်လိုက်ရုံပါပဲ။ ချက်ပြုတ်ချိန်ကလည်း မိနစ်(၃၀)လောက်ပဲကြာတာဖြစ်ပြီး မီးခိုးငွေ့လည်း မထွက်တော့ ကျန်းမာရေးအတွက်ကာကွယ်ပြီးသားဖြစ်ပါတယ်။ Eco Fryer နဲ့ချက်တဲ့ အစားအစာတွေက ပိုပြီးနူးနူးညံ့ညံ့နဲ့ အရသာရှိတယ်ဆိုတော့Continue reading “သီတင်းကျွတ်မှာ လူကြီးမိဘတွေကိုကန်တော့ဖို့ အကောင်းဆုံးနည်းပညာပစ္စည်းများ…”

‘2020’ မှာ ဘယ် Smart Phone တွေက လတ်တလော လူကြိုက်အများဆုံး ဖြစ်နေလဲ?

တစ်နှစ်နဲ့တစ်နှစ် နည်းပညာအပြောင်းအလဲတွေက Smart Phone လောကကို သိသိသာသာ ရိုက်ခက်လာတာတွေ့ရပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာအသစ်အဆန်းတွေပါဝင်တဲ့ အခုလက်ရှိရေပန်းစားနေတဲ့ စမတ်ဖုန်း(၅)မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ iPhone 11 Camera ပိုင်းမှာ dual camera၊ ultra wide function နဲ့ night mode တွေကြောင့် အရင် iPhone တွေထက်ပိုပြီး resolution ကောင်းတဲ့ပုံတွေရမှာပါ။ animoji နဲ့ slomo selfies တွေရလာပြီး face ID sensor ပိုမြန်လာမယ်၊ ရေစိုလည်းခံပါတယ်။ Apple ရဲ့ A13 Bionic chip ကိုသုံးထားတဲ့အတွက် smart phone တွေမှာ လုပ်ဆောင်မှုအမြန်ဆုံးလို့ပြောရမှာပါ။ ရွေးစရာအရောင်တွေအများကြီးရှိတာကလည်း သူ့ရဲ့အားသာချက်ပါပဲ။ Samsung Galaxy NoteContinue reading “‘2020’ မှာ ဘယ် Smart Phone တွေက လတ်တလော လူကြိုက်အများဆုံး ဖြစ်နေလဲ?”

Tech Products to keep you productive for Work-From-Home | Work-from-home အတွက် မရှိမဖြစ်နည်းပညာဆိုင်ရာပစ္စည်းများ

အခုလက်ရှိမှာ Work from home လုပ်နေရတဲ့သူတွေများလာပြီဆိုတော့ အလုပ်တွေကို အဆင်ပြေပြေနဲ့ မြန်မြန်ဆန်ဆန်ပြီးမြောက်နိုင်ဖို့အရေးကြီးပါတယ်။ အဲ့ဒီတော့ ကိုယ့်အိမ်မှာပဲ Home office လေးတစ်ခုဖန်တီးချင်ရင် ဘယ်လိုနည်းပညာပစ္စည်းတွေလိုအပ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်…. 1. Laptop/Desktop အိမ်ကနေအလုပ်လုပ်ဖို့အတွက်အဓိကအလိုအပ်ဆုံးပစ္စည်းကတော့ Laptop ဒါမှမဟုတ် Desktop တစ်လုံးဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူးနော်။ ရုံးလုပ်ငန်းတွေကို အချိန်မှီ ပြီးစီးနိုင်ဖို့အတွက် စွမ်းဆောင်ရည်ကောင်းပြီး ဈေးနှုန်းသင့်တင့်တဲ့ laptop တစ်လုံးလောက်တော့ ရှိထားသင့်ပါတယ်။  2. Noise-cancelling headphones လုပ်ဖော်ကိုင်ဖက်တွေနဲ့အချိတ်အဆက်မိမိအလုပ်လုပ်နိုင်ဖို့အတွက် team meeting နဲ့ group call တွေမှာ ထိထိရောက်ရောက်ပါဝင်ဆွေးနွေးနိုင်ဖို့လိုပါတယ်။ Noise-cancelling Headphone ကောင်းကောင်းတစ်ခုရှိထားရင် အိမ်ကလူတွေရဲ့စကားသံနဲ့ ပတ်ဝန်းကျင်ဆူညံသံတွေကို လျှော့ချပေးနိုင်လို့ အာရုံရှင်းရှင်းအလုပ်လုပ်နိုင်မှာပါ။ 3. Coffee Maker တစ်နေကုန်အလုပ်တွေလုပ်နေရပြီးခေါင်းမကြည်ရင် ကော်ဖီကောင်းကောင်းလေးတစ်ခွက်က သင့်ကိုလန်းဆန်းသွားစေမှာပါ။Continue reading “Tech Products to keep you productive for Work-From-Home | Work-from-home အတွက် မရှိမဖြစ်နည်းပညာဆိုင်ရာပစ္စည်းများ”

COVID and the rise of ROBOTS!

စက်ရုပ်တွေရဲ့ မြင့်မားလာတဲ့ စွမ်းဆောင်ရည်က Covidကာကွယ်ရေးလုပ်ငန်းတွေမှ ဘယ်လောက်အထိ အထောက်အကူပြုနိုင်နေပြီလဲ?  ၂၀ရာစုအလွန်မှာ AI ( Artificial Intelligence ) နည်းပညာနဲ့စက်ရုပ်တွေက လူသားအလုပ်သမား တွေနေရာမှာ အစားထိုးနိုင်လောက်တဲ့ထိ အဆင့်အတန်းမြင့်မားလာကြပါတယ်။ ခုဆိုရင် စက်ရုပ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ တခြားနယ်ပယ်တွေမှာသာမက အခုလက်ရှိရင်ဆိုင်နေရတဲ့ COVID ကာကွယ်ရေးအတွက်ပါ အသုံးဝင်လာပါပြီ။ ဒါကြောင့် လတ်တလော COVID ကာကွယ်ရေးလုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားနေတဲ့ စက်ရုပ်တွေရဲ့အခန်းကဏ္ဍနဲ့ ပုံရိပ်တစ်ချို့ကို ကြည့်လိုက်ကြရအောင်။ ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် ZMP ( Zero Moment Point ) Company ဟာ စက်ရုပ်တွေ၊ မောင်းသူမဲ့ကားတွေကို ထုတ်လုပ်ရောင်းချနေ တဲ့ နာမည်ကြီး company တစ်ခုပဲဖြစ်ပါတယ်။ အခုဆိုရင် ZMP company ရဲ့Continue reading “COVID and the rise of ROBOTS!”

Traffic on the street? How about wearing this Iron Man suit to work?

အရေးတကြီးသွားစရာရှိလို့ ကားပိတ်နေရင် စက္ကန့်ပိုင်းအတွင်းရောက်အောင် သွားလို့ရမယ့် “Iron Man Suit“. လမ်းပေါ်မှာကားတွေပိတ်နေတဲ့ပြဿနာကတော့ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ကြုံတွေ့နေကျ အခြေအနေတစ်ခုဆိုလဲ မမှားပါဘူး။ သာမန်အချိန်မှာတော့ ဘာမှမဟုတ်ပေမယ့် တကယ်အရေး ကြီးကိစွရှိတဲ့ အချိန်ဆိုရင်တော့ တော်တော်လေးအာရုံနောက်စရာပါ။ အခုဆိုရင် အဲ့လိုပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ Jet Suit ကို Lake District မှာစတင်အသုံးပြုပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်နေပါပြီ။ ဒီ Jet Suit ကိုတီထွင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ လူနာတွေကို အချိန်မှီကယ်တင်နိုင်ဖို့အတွက် အရေးပေါ်ဆေးရုံလုပ်သားတွေ အသုံးပြုဖို့ဖြစ်ပါတယ်။ Great North Air Ambulance Service ကနေ စမ်းသပ် ထုတ်လုပ်ထားတဲ့ ဒီ Jet Suit ဟာ အရေးပေါ်လူနာတွေဆီကို မိနစ်ပိုင်းအတွင်းပျံသန်းပြီး ရောက်ရှိနိုင်ပါတယ်။ GNAAS နဲ့ GravityContinue reading “Traffic on the street? How about wearing this Iron Man suit to work?”